မင်္ဂလာပါ ... ကျွန်တော်ရဲ့ဝက်ဆိုက်လေးက ကြိုဆိုပါတယ် ခင်ဗျာ ....

Tuesday, 30 September 2014

Mozilla Firefox web browserမှာ ကြော်ငြာလင့်မဝင်အောင်ပိတ်မယ်

FFSPG


ကျနော်တို့  ကွန်ပြူ တာမှာ Mozilla Firefoxမီးတောက် ဘောက်ဇာကို အသုံးပြုရင် တက်ချို့ ဝက်ဆိုက်တွေဝင်ရင် ကြော်ငြာလင့်တွေဘေးကနေရှုပ်ပွနေအောင်တက်တာမြင်ရပါတယ်။
ကိုယ်က ဝင်းဒိုးတစ်ခုဖွင့် ကြော်ငြာစာမျက်နှာတွေ စိတ်ပျက်စရာကောင်းအောင် အပြုံလိုက်
တက်လာတတ်ပါတယ်။ ကြောငြာလင့်တွေကြောင့် လိုင်းလည်းနှေးသလိုဖြစ်ပြီး ဂျန့် တွေပါဖြစ်
တတ်ပါတယ်။ ကြောငြာလင့်တွေကို မမြင်ရအောင်ပိတ်ထားပြီး စိတ်ချမ်းချမ်းသာသာ
အသုံးပြုနိုင်အောင်လုပ်ရအောင်ဗျာ ....

အဲဒါကို Add on ကနေပြီး Adblock plus လေးသုံးပြီးပိတ်ထားရအောင်ဗျာ။
အောက်မှာလည်း ပုံနှင့်တကွရှင်းပြထားပါတယ်။



အောက်ကပုံထဲကလို ကြော်ငြာလင့်တွေ ပြည့်ကျပ်နေတာပါပဲ။ တစ်နေရာရာနိုပ်မိတာနဲ့ တင်
နောက်စာမျက်နှာ ကြောငြာလင့်တက်လာပါပြီ။


Skip ထဲဝင်လည်း ဒီလိုမျိုး ကြော်ငြာလင့်တွေရှုပ်နေပါတယ်။




အောက်မှာ ရှင်းပြပေးထားပါတယ်။ လွယ်ကူပါတယ်ခင်ဗျာ :)


1/ Firefox ဘောက်ဇာရဲ့ အပေါ် Menu bar ထဲမှာ tools ထဲမှာ Add ons ထဲဝင်လိုက်ပါ။



2/ Adblock plus စာကို ညာဘက်အပေါ်ထောင့်က Search ထဲမှာရိုက်ထည့်လိုက်ပါ။



3/ Adblock Plus 2.6.4 ကို အနီရောင်လေးပါ။




4/
ညာဘက်က install ကိုနိုပ်ပေးပြီး ခဏစောင့်ပါ။



5/ မြှားထောက်ထားတဲ့ နေရာမှာ Adb အနီရောင်လေး စတင်အလုပ်လုပ်နေပါပြီ။
Add ons ကိုပိတ်လိုရပါပြီ။



ပထမဖွင့်ကြည့်တဲ့ ကြော်ငြာလင့်တစ်အားတက်တဲ့ ဝက်ဆိုက်ပါ။ အခုပြောင်သလင်းခါသွားပါပြီ :D



Skip လင့်ထဲမှာလည်း ရှင်းနေတာပဲနော် :D



Adb လေးနိုပ်ပြီး ဖွင့် ပိတ် အသုံးပြုနိုင်ပါတယ်။ ( အနီရောင်လေးဖြစ်နေ အသုံးပြုထားတာပါ၊ 
အရောင်မှိန်နေရင် ပိတ်ထားတာဖြစ်ပါတယ် )




အဆင်ပြေပါစေဗျာ......

Read More »

Antivirus programs မလို virus သတ်နည်း




Malware , Adware , Spyware စ,တဲ့ Virus တွေ ... နောက် USB Pan Drive တွေက ဝင်လာတတ်တဲ့ Recycler folder Virus , New Folder.exe Virus စ,တဲ့ Virus တွေ...  မိမိတို့ ကွန်ပျူတာထဲဝင်လာပြီဆိုရင် တော်ရုံ ရှင်းမရတတ်ပါဘူး.. တချို့ ဈေးကြီးပေးဝယ်ရတဲ့ Antivirus  programs တွေကတောင် ရှင်းမနိုင်တာတွေ့ဖူးပါတယ်.. အဲ့ဒီလိုမျိုး Virus တွေ ဝင်လာပြီဆိုရင် ဘယ်လိုဖြေရှင်းမလဲ..?

  Antivirus Software တွေ သုံးစရာမလိုပဲ Command Prompt (CMD) ကနေ အလွယ်တကူ ဖြေရှင်းနိုင်ပါတယ်..။

ဖြေရှင်းနည်းကတော့....

Removing a Virus without using any anti-virus software !


နံပါတ် (၁)

Window 7 User :  Start က search programs and files မှာ...

Picture of

Window 8 User :  Search မှာ...
 

 cmd  ရေးပြီး Command prompt ကို Run လိုက်ပါ..။


နံပါတ် (၂)

ဘယ် Drive မှာ Virus ရှိနေသလဲဆိုတာ သိထားရပါမယ်..။
 ဥပမာ:
 C:
J:
F:
D:
E:


F: မှာဆိုရင် Command prompt မှာ F: လို့ရေးပြီး Enter ခေါက်လိုက်ပါ..။

နံပါတ် (၃)


ပြီးရင် attrib -s -h *.* /s /d  လို့ရေးပြီး Enter ခေါက်ပါ..။

 နံပါတ် (၄)


Drive ကို သိသွားပြီဆိုရင်...

  dir /w/a ရေးပြီး Enter ထပ်ခေါက်ပါ..။

နံပါတ် (၅)



အဲဒီ မှာ ရှာကြည့်လိုက်ပါ.. အဲ့ဒီ F: ထဲမှာ ရှိနေတဲ့ ဖိုင်လ်တွေ Data တွေ အားလုံးတွေ့ရမှာပါ.. အဲ့ဒီအထဲမှာ  အောက်ပါ  Virus အမျိုးစားတွေ ရှိနေပါလိမ့်မယ်..။

newfolder.exe
unusual .exe
autorun.inf
recycler folder.exe

နံပါတ် (၆)


Virus တွေ့ရင် ဒီ Comment  နှင့် သတ်ပစ်ပါ.. 

attrib -r -a -s -h  ရေးပြီး Enter ခေါက်ပေးလိုက်ပါ..။
နောက်ထပ်...

 del autorun.inf ရေးပြီး Enter ခေါက်ပြီး သတ်ပစ်ပါ..။

အဲ့ဒီအတိုင်း တွေ့သမျှ မသင်္ကာသမျှ  Virus လို့ ထင်ရတဲ့ File တွေကို အပေါ်ကအတိုင်း..
 ရှေ့က del ခံပြီး (ဗိုင်းရပ်နာမည်)  ရေးထည့်  Enter ခေါက်ပြီး သတ်ပစ်ပါ..။ ဥပမာ:  del newfolder.exe  + Enter ..

 တခြား Drive တွေက Virus တွေကိုလည်း အပေါ်က နည်းလမ်းအတိုင်း ဖြေရှင်းပေးပါတယ်..။
ချွင်းချက်အနေနဲ့ကတော့..

တခါတရံ Recycler folder ဆိုတဲ့ Virus ဆိုတာမျိုးက သတ်ပြီးလည်း ပြန်ရောက်နေတတ်ပါတယ်..

အဲ့ဒီအတွက် Command prompt  မှာ...
  cd recycler ရေး Enter ခေါက်ပါ...။

နောက်ထပ်  dir /w/a  ရေးပြီး Enter ခေါက်ပါ..။
အဲ့မှာ ကြည့်ကြည့်ပါ မသင်္ကာစရာ Virus တွေ ရှိနေရင် ..

attrib -r -a -s -h  ရေးပြီး အပေါ်က နည်းလမ်းအတိုင်း Enter ခေါက်ပြီး သတ်ပစ်နိုင်ပါတယ်..။

နောက်ထပ် တွေ့သမျှ Virus တွေကို  del (ဗိုင်းရပ်နာမည်).exe  အစရှိသဖြင့် Comment ရိုက်ပြီး အလွယ်တကူ ဖြေရှင်းနိုင်ပါတယ်..။
အားလုံးပြီးရင် စက်ကို Restart ချပေးလိုက်ပါ..။
 
ဝင်းကမ္ဘာကျော်

www.winkabarkyaw.net



အဆင်ပြေကြပါ စေ.......
Read More »

★★ Leawo Blu-ray Player v1.8.0.0 Multilingual + Key ★★

မိမိတို့ Windows Media တွေထဲမှာ DvD & Video ဖိုင်တွေကို ရုပ်ထွက်အကြည်ဆုံး ဆောင်ကြည်းပေးနိုင်
တဲ့ Leawo Blu-ray Player လေးကိုတင်ပေးလိုက်ပါတယ်ဗျာ။ HD ရုပ်ထွက်လေးနဲ့ ကြည့်ရမယ့် Player
လေးပါ။ ဒီကောင်လေးကတော့ asf , avi , wmv , rmvb , dat , m2t , m2ts , m2v , mpeg , mpg, tp
pva , ts , Medai ဖိုင်တွေအပြင် Audio Media ဖိုင်တွေကိုပါ အကောင်းဆုံးရုပ်ထွက်နဲ့ အသံပိုင်းကိုပါ လုပ်
ဆောင်ပေးနိုင်တဲ့ Player လေးပဲဖြစ်ပါတယ်။ Full ဖြစ်ဖို့အတွက် Key ဖိုင်ထဲမှာ Serial ကီးလေးကိုပါထည့်
ပေးထားပါတယ်။

The best reviewed Blu-ray playing software for Windows 8 OS PC in the world. Provides extremely superb experience for Blu-ray, DVD and HD movie playback with full Blu-ray and HD movie playback navigation.

Features:
Play back Blu-ray, DVD and video content smoothly, up to 1080P HD movie playback supported;
Life-long free DVD player and video player to play DVD, common video and HD video for totally free;
Adjust subtitles and audio tracks for better movie experience at will;
Support full-screen playback for better visual effect;
Full menu for playback control to enjoy video, DVD and Blu-ray friendlier;
100% compatible with Windows 8 OS supported.

===========
INSTALL NOTES:

===========
(1): Please use 7Zip/WinRAR/Universal Extractor to EXTRACT FILES
(2): run the setup
(3): Use the given serial key to activate
(4): Enjoy and Support Developers, Buy It, They Deserved It!


ကျွန်တော်တင်သမျှပိုစ့်တွေ Facebook ကနေရယူချင်တယ်ဆိုရင်  ဒီမှာ Like နှိပ်ပါ။
မန်ဘာဝင်ခဲ့ခြင်းဖြင့် ပိုစ့်အသစ်တင်တိုင်း မိမိ Gmail ထဲကိုတိုက်ရိုက်ရောက်ရှိမည်ဖြစ်ပါသည်။
ထို့ကြောင့်မန်ဘာဝင်ခဲ့ဖို့ဖိတ်ခေါ်ပါတယ်။
 


Thank You For Downloading And Dont Forget to Clicking Once on a Ad Banner.
အဆင်ပြေတယ်ဆိုရင်တော့ကြော်ငြာများကို  ကလစ်ခဲ့ပါခင်ဗျာ။




★★နည်းပညာမြို့တော်★★
 




Read More »

Monday, 29 September 2014

မြန်မာ-အင်္ဂလိပ်....အင်္ဂလိပ်-မြန်မာ အဘိဓာန်

  မင်္ဂလာပါဗျာ အင်္ဂလိပ်မြန်မာ-- မြန်မာအင်္ဂလိပ် အဘိဓန် လိုချင်သူများအတွက် အဘိဓန်နှစ်ခုကို
တင်ပေးလိုက်ပါတယ်ဗျာ ကျွန်တော်သုံးကြည့်တာတော့ အဆင်ပြေတယ်။


Read More »

The Mechanic(2011) မြန်မာစာတန်းထိုး


Screen Shot



အက်ရှင် ဇာတ်ကြမ်းကား နှစ်သက်သည့် ပရိသတ်စိတ်ကြိုက်တွေ့မည့် ဇာတ်ကား ဖြစ်ပါတယ်..
ခေါင်းဆောင် မင်းသားမှာ Transporter, War, Death Race ဇာတ်ကားတွေထဲက နာမည်ကြီး အက်ရှင်မင်းသား ဂျေဆန်စတက်ဟန် ဖြစ်ပြီး သူနှင့် အတူ 
လူငယ်မင်းသား ဘန်ဖော်စတာလည်း ပါဝင်ထားပါတယ်.........
ဒါရိုက်တာမှာ ဆီမွန်ဝက်စ်ဖြစ်ပြီး ကုန်ကျစရိတ် Budget ဒေါ်လာသန်း ၄ဝ အကုန်အကျခံ ထုတ်လုပ်ထားသည့် ဇာတ်ကား ဖြစ်ပြီး ယခုဇာတ်ကားမှာ ၁၉၇၂ခုနှစ်က The Mechanic  ဇာတ်ကားကို ပြန်လည် Remake လုပ် ရိုက်ကူးထားခြင်း ဖြစ်သည်။ 
ထိုစဉ်အခါတုန်းက မင်းသားမှာ ချာလီးစ်ဘရွန်ဆင် (နှုတ်ခမ်းမွှေးမင်းသားကြီး) ဖြစ်သည်။
စက်တစ်ခုလို တိကျသေသပ်စွာအသက်ရှင်နေသော လူတစ်ယောက်အကြောင်းကို ရိုက်ပြထားပါတယ်....။

File size...718MB
Quality....flash
Format...mp4
hour....01:27:36
subtitle....မြန်မာစာတန်းထိုး

Download and Watch(Firedrive Link Password=www.myanmarsubtitlemovie.blogspot.com)

password တောင်းလျှင် www.myanmarsubtitlemovie.blogspot.com    ရိုက်ထဲ့ပါ
အဆင်ပြေ ရင်မန်ဘာ ၀င်ဖို့လည်း ဖိတ်ခေါ်ပါတယ်


 

Read More »

ကွန်ပျူတာ Software တွေ ကို အစုံဒေါင်းနိုင်သည့်ဆိုဒ်

ကွန်ပျူတာ Software တွေ ကို ဒီမှာ အစုံဒေါင်းနိုင်သည့်ဆိုဒ် ကောင်းတစ်ခု နှင့်မိတ်ဆက်ပေးလိုက်ပါ တယ် မသိသေးသူတွေ လဲ သိသွားအောင်လို့ပါ...ကွန်ပျူတာနှင့် ပတ်သက် သမျှ ကို ဒီတစ်နေရာတည်းပြီးတယ်နော်...ဒီမှာကလစ် ပြီးသွားလိုက်ပါ...အောက်က လင့်မှာလည်း သွား ရပါတယ်...


http://filehippo.com/ >>>




အဆင်ပြေရင် မန်ဘာဝင်ဖို့ လည်းဖိတ်ခေါ် ပါတယ်...
Read More »

Friday, 26 September 2014

Windows 8 ပေါ်မှာ App Store ထဲက App & Games ကို IDM နဲ့ Download လုပ်ပြီး Offline သွင်းနည်း

Windows 8 တင်ထားသူများအတွက် သတင်းကောင်းတစ်ခုလဲဖြစ်ပါတယ်။
Windows Store (ပုံပေါ်က အစိမ်းရောင် လေးနဲ့ ပာာ၊ အောက်ကအိတ်ပုံလေးနဲ့လေ အဲ့တာလေးကို ပြောတာပါ။ တစ်ခါမှ မ၀င်ဘူးတဲ့သူဆိုရင် အိတ်ပုံစံ ကလေး ပဲပြပါမယ်။)
ပာာ အခုဆိုရင် မြန်မာနိုင်ငံမှာ ပါသုံးလို့ ရနေတဲ့ အနေအထားပါ။ ပြောရရင် တော့ Smart Phone လိုမျိုးပဲ အသုံးပြုချင်တယ်ဆိုရင်တော့ Store ပေါ်ကနေ Application and Games တွေကို Download ပြုလုပ်လို့ရပါလိမ့်မယ်။ (ဥပမာ - Facebook, Viber, Skype, Asphalt 8, Despicable Me, Other Games and Online Games)
ဒါပေမဲ့ ဆိုလိုချင်တာက အဲ့ဒီ့ပာာ မပာုတ်ပါဘူး။ ဒီကောင်တွေကို Store ကနေ ဒါရိုက် Download ဆွဲရင် သူ့ရဲ့ Downloader နဲ့ ဆွဲတဲ့အတွက် အချိန်အားဖြင့် အတော်အတန် ကြာမြင့်တတ်ပါတယ်။ (For Myanmar Network Connection) တခြားနိုင်ငံတွေကတော့အဆင်ပြေမှာပါ။
အခုပြောပြပေးမှာက Mozila က Download ဆွဲတဲ့ပာာကို Link Copy ကူးပြီး IDM နဲ့ ပြန်ပြောင်းသလို၊ အဲ့လိုပြောင်းနည်းလေးပြောပြမှာပါ။

ကဲ လိုအပ်ချက်လေးတွေ ပြောပါမယ်။

၁။ သင့်ဆီမှာ Microsoft Account ရှိရပါမယ်။ မရှိပါက >> https://mail.live.com/ မှာပြုလုပ်ပါ။ (ဒီအကောင့်က G-Mail လိုမျိုးပါပဲ။ အဆင့်တော့နဲနဲမြင့်တာပေါ့၊ သူများတွေ G-Mail သုံးနေတဲ့အချိန်မှာကိုယ်ဒေက Microsoft Mail နဲ့ ... ခိခိ )
၂။ Fiddler Software >> အထူးလိုအပ်ပါတယ်။ Link Change ပေးတဲ့ Software ပါ။
မရှိပါက >> !! Download Here !!
၃။ Internet Download Manager (IDM) >>  လိုအပ်ပါတယ်။
မရှိပါက >> !! Download Here !!

ကဲ ဒါတွေရှိရင် ဇာတ်လမ်း စလို့ရပါပြီ။




Step - 1
အရင်ဦးဆုံး Fiddler ကို ဖွင့်လိုက်ပါ။ ဖွင့်ပြီးတာနဲ့ တပြိုင်နက် Windows Store ကို လဲဖွင့်ပေးထားပါ။
 အပေါ်ကပုံအတိုင်း Win8 Config ကို Click ပါ။

 1 > Refresh > 2 Exempt All > 3 Save Chages 4 > Close
အသီးသီး နှိပ်ပေးသွားပါ။ ပြီးလျှင် Windows Store ဘက်သို့ ပြန်သွားပါ

Step - 2
သင်လိုချင်တဲ့ Application ကို Window Store မှ ရွေးချယ်ပြီး Download ဆွဲလိုက်ပါ။ (FREE တွေကို ဆွဲပါ။ ဘာကြောင့်လဲဆိုတော့ သင့် Account မှာ ပိုက်ဆံမရှိပါ။
Window Store ထဲဝင်ပြီး Scroll ကို ဘေးသို့ ဆွဲလိုက်ရင်း နောက်ဆုံး Top Paid နဲ့ Top Free တွေ့ပါမယ်။
Top Free ကိုရွေးချယ်ပြီး သင်လိုချင်တာကို ရှာပါ။ (ဥပမာ - Facebook, Viber, Etc.... )


Step - 3
ဝင်ပြီးသွားပြီဆိုရင် ပုံစံ အကြီးနဲ့ ပေါ်လာပါမယ်။
ဥပမာဗျာ ကျွန်တော်တို့ Facebook Application သွင်းမယ် ဆိုကြပါတော့။


Facebook ပေါ်ကို Click ထောက်လိုက်ပါ။ ဒါမှ  မပာုတ် တခြားပာာ တွေ ရှာချင်တယ်ဆိုရင်တော့ အပေါ်ဆုံး ညာဘက်ထောင့်ပေါ်မှာ Search Box ရှိပါတယ်။ အဲ့မှာရှာပါ။

Step - 4

လေးထောင့် ပြထားတဲ့နေရာလေးကို ကြည့်ပါ။ Size က 15Mb ပဲရှိတယ်ပြောပါတယ်။ ဒါပေမဲ့ တကယ် Download လုပ်တာ က 50 MB လောက်ရှိပါတယ်။ ကျွန်တော် ဒီနည်းမသိခင်တုံးက Download ဆွဲတာ ညဘက်ကြီးတောင် ၁နာရီနီးပါးကြာတယ်။ ကဲ ဆက်ပြောပါမယ်။ Install ကို နှိပ်လိုက်ပါ။ ဒါဆိုရင်တော့ သူပာာ Download စတင်ဆွဲပါလိမ့်မယ်။

Step - 5
Fiddler Software ဘက်သို့ ပြန်သွားပါ။ အောက်ကပုံအတိုင်း စာတွေ အများကြီး ပေါ်နေပါမယ်။

အဲ့ဒီ့ထဲမှာ မှ ကျွန်တော် Selection ပေးထားတဲ့ပာာ လေးကို မှ ဘာလို့ရွေးချယ်လဲဆိုတော့ သူ့ ပုံမှာ Download လုပ်နေတဲ့ ပုံလေးပေါ်နေတယ်ဗျ ။ သေချာကြည့်ပါ။ 12 ဆိုတဲ့ ဘေးမှာပါ။
အခြားသော Application များ ကိုလည်း ထို Download လုပ်တဲ့ပုံကို ကြည့်ပြီးမှ Select ပေးပြီး
Right Click > Copy > Just Url ဆိုပြီး အသီးသီး ရွေးသွားပါ။
အဲ့လိုမှ မရွေးချင်ရင် Click လုပ်ပြီးတာနဲ့ Ctrl + U နှိပ်ပေးပါ။ Copy Just Url နဲ့ တူတူပါပဲ။

Step - 6
Internet Download Manager (IDM) ကိုဖွင့်ပါ။ Add URL ကို နှိပ်ပါ။
နှိပ်ပြီးပြီး ချင်း သူ့အလိုလို စာသားတွေ Paste လုပ်ပြီးသားဖြစ်ပါလိမ့်မယ်။ OK ကို နှိပ်ပေးလိုက်ပါ။
အောက်က လိုမျိုး Download ဆွဲဖို့ ပေါ်လာမယ်။

Step - 7
ဒီကောင့်ကို Download စဆွဲပြီ ဆိုတာနဲ့ Store ဘက်သို့ ပြန်သွားပြီး ခုနက နေ Facebook ကို Window Downloader နဲ့ ဆွဲထားတာကို Cancel နှိပ်ပေးပါ။



Step - 8
Download ဆွဲပြီးရင်တော့ ဘာမှန်းမသိတဲ့ နာမည်နဲ့ ရောက်ချလာမှာပါ။ သူ့ Extension က Zip ပါ။
ဒီလိုဖြစ်နေပါမယ်။ ( xxxxxxxxxx.zip)
အရင်ဦးဆုံး Extension တွေ မိမိ ကွန်ပြူတာ မှာ ပေါ်လား အရင် စစ်ကြည့်စေချင်ပါတယ်။ မပေါ်ပါက
Control Pannel ထဲဝင်ပါ။ Folder Options ဆိုပြီး ရှိပါလိမ့်မယ်။
Folder Options ထဲဝင်ပြီး ရင် View Tab ကိုဝင်ပါ။
Hide extensions for known file types ကို Check လုပ်ထားရင် Uncheck လုပ်ပေးပါ။ ပြီးလျှင် Apply, OK.
Uncheck လုပ်ထားပြီးသားဆိုရင် ထပ်လုပ်စရာမလိုပါ။ Cancel သာတန်းနှိပ်ပီးပြန်ထွက်ပါ။

Step - 9
Right Click > Rename လုပ်ပြီး Facebook ဆိုပြီးနာမည်ပြောင်းပေးပါ။ အနောက်က Extension ကို တော့ appx ဆိုပြီး ပြောင်းပေးပါ။
ဒါဆိုရင် ဒီလိုဖြစ်သွားပါမယ်။ (Facebook.appx)

အဲ့ဒီ့ Facebook.appx ကို C:\ အောက်ထဲကို ထည့်ပေးပါ။

Step - 10
ထည့်ပြီးသွားပြီ ဆိုတာနဲ့ Windown Key + R (Run Box ) ခေါ်ပါ။
powershell ဆိုပြီး ရိုက်ထည့်ပြီး Enter.
ပြီး ရင် အထက်ပါအတိုင်း စာရိုက်ထည့်ပါ။
add-appxpackage C:\Facebook.appx
ပြီးလျှင် Enter.
အဲ့ဒီ့အတန်းလေး ပြည့်သွားတာရင် သင့် Application Install လုပ်လို့ပြီးပါပီ။
ကဲသွင်းပြီး မပြီးကို အောက်ကပုံအတိုင် စစ်ဆေးကြည့်ပါဦး။

NOTE : ?? >> ခုနက Application က  Facebook ဖြစ်လို့ Facebook ဆိုပြီး နာမည် ပေးတာပါ။
Asphalt 8 ဆိုရင် အဲ့လိုနာမည်ပေးလိုက်ပါ။ မှတ်မိလွယ်တာပေါ့။
အော်... တစ်ခုပြောရဦးမယ်။ No Spacing နော် ။ Space လုံးဝ မထည့်မိပါစေနဲ့။ Asphalt 8 >> Asphalt8

ကဲ .. အဆင်ပြေကြပါစေဗျာ ......


Read More »

Thursday, 25 September 2014

Xara 3D Maker 7 +Crack မြန်မာလို3D စာလုံးလေးရေးကြရအောင်




ဒီဇိုင်းသမားတွေအတွက် တကယ်အသုံးဝင်တဲ့ဆော့ဝဲလ်လေးပါ။။3D စာလုံးတွေကို ဘတ်ဂရောင်းအမျိုးမျိုး ကာလာအမျိုးမျိုး Effect အမျိုးမျိုး မိမိကြိုက်နှသ်သက်သလိုစာလုံးဒီဇိုင်တွေထွင်လို့ရပါတဲ့ Xara 3D Maker 7 Full version လေးတင်ပေးလိုက်တာပါ။။
၁။ Xara 3D Maker 7 ကို Instrall လိုက်ပါ Instrall ပြီးရင်မဖွင်ပါနဲ့။။
၂။Crack Folder ထဲက X3D.exe ကို copy လိုက်ပါ။
၃။C/Program File/Xara 3D Maker ထဲမှာ Copy & Paste ထည့်လိုက်ပါ။။
လိုအပ်ရင်ေါးင်နိုင်ပါပြီး။။

                                 >>>>>>Download Xara 3D Maker<<<<<<
Read More »

Tuesday, 23 September 2014

Software မသုံးပဲ Internet Speed လေးမြှင့်ပြီး သုံးကြည့်ရအောင်

အခု ကျွန်တော် ရေးပေးမဲ့ နည်းလမ်းလေးကတော့ အင်တာနက် အသုံးပြုတဲ့ အခါမှာ မိမိတို့ကွန်ပျူတာက အသုံးပြုသူ ( Client Computer ) အဖြစ် အသုံးပြုတဲ့ သူများအတွက် အင်တာနက် Speed ကိုတိုးပြီး အသုံးပြုလို့ ရမယ့် နည်းလမ်းလေးပါ .. ကျွန်တော်လည်း အားလုံးအတွက် အဆင်ပြေမယ် ထင်လို့ ပြန်ရေး ပေးတာ ဖြစ်ပါတယ် .. ဒီနေရာမှာ တစ်ခါထဲ ပြောပြပါရစေ .. မေးခွန်းမေးရင်လည်း ဖြေလို့ ရမဲ့ မေးခွန်းမျိုးကို မေးတာ ပိုအဆင်ပြေမယ် ထင်ပါတယ် .. မြန်မာနိုင်ငံမှာ ပေးနေတဲ့ အင်တာနက်လိုင်းတွေ တစ်ချို့လိုင်းတွေ ပျက်နေတယ် .. လိုင်းတွေက မမှန်ပဲတက်လိုက်ကျလိုက်တွေ ဖြစ်နေတာတွေက ကျွန်တော်လည်း ဘာမှ လုပ်ပေးလို့ မရပါဘူး .. အဲ့ဒါမျိုးကို ဘယ်လိုလုပ်ရမလည်း မေးရင်တော့ ကျွန်တော်လည်း ပြန်ဖြေပေးဖို့ ခက်ပါလိမ့်မယ် .. လောလောဆယ် အဆင်ပြေနိုင်မဲ့ နည်းလမ်းလေးကိုတော့ ကျွန်တော် အောက်မှာ ပုံလေးတွေနဲ့ အဆင့်ဆင့် ရှင်းပြပေးထားပါတယ် ..



အရင်ဆုံး Keyboard မှ  Ctrl + R ကိုနှိပ်ပြီး  Run Box ကိုဖွင့်လိုက်ပါ .. ပြီးရင် Run Box ထဲမှာ gpedit.msc လို့ရိုက်ထည့်ပြီး Enter ခေါက်လိုက်ပါ .. ဒါဆိုရင် Local Group Policy Ediitor Box ပေါ်လာပါလိမ့်မယ် .


အောက်ကပုံအတိုင်း ပေါ်လာပြီ ဆိုရင်တော့ ပုံမှာ ပြထားတဲ့ အတိုင်း  Administrative Templates  >> Network >>  QoS Packet Scheduler  ဆိုပြီး အဆင့်ဆင့် သွားပြီး QoS Packet Scheduler  ကိုရောက်ပြီ ဆိုရင် ညာဘက်က Limit reservable bandwidth ကိုရှာပါ .. တွေ့ပြီဆိုရင် အဲ့ဒီကောင်လေးကို Double Ckick ပေးလိုက်ပါ .. 
အောက်ကပုံအတိုင်း Limit reservable bandwidth Box လေးပေါ်လာပါလိမ့်မယ် .. အဲ့ဒီကျရင် ပုံမှာ ပြထားတဲ့ အတိုင်း Not Configured ကို Enable ပေးလိုက်ပါ .. ပြီးရင် Bandwidth limit ( % ) ကို 20 မှ 80 ပြောင်းပေးလိုက်ပါ .. ပြီးရင်တော့ Apply >> OK ပေးလိုက်ယုံပါပဲ ..
ဒါကတော့  Client Computer တွေမှာ Internet Speed ကို လက်ရှိ Bandwidth Limit ထက်ပိုပြီး မြှင့်ပြီး သုံးနိုင်မဲ့ နည်းလမ်းလေးပဲ ဖြစ်ပါတယ် .. သုံးကြည့်ချင်တဲ့ သူတွေကတော့ စမ်းကြည့်လိုက်ပေါ့ဗျာ ..


အားလုံးပဲအဆင်ပြေကြပါစေ .. ကျေးဇူးတင်ပါတယ်ခင်ဗျာ ..
Read More »

မန်ဘာဝင်ရန်