မင်္ဂလာပါ ... ကျွန်တော်ရဲ့ဝက်ဆိုက်လေးက ကြိုဆိုပါတယ် ခင်ဗျာ ....

Tuesday, 30 September 2014

Mozilla Firefox web browserမှာ ကြော်ငြာလင့်မဝင်အောင်ပိတ်မယ်

FFSPG


ကျနော်တို့  ကွန်ပြူ တာမှာ Mozilla Firefoxမီးတောက် ဘောက်ဇာကို အသုံးပြုရင် တက်ချို့ ဝက်ဆိုက်တွေဝင်ရင် ကြော်ငြာလင့်တွေဘေးကနေရှုပ်ပွနေအောင်တက်တာမြင်ရပါတယ်။
ကိုယ်က ဝင်းဒိုးတစ်ခုဖွင့် ကြော်ငြာစာမျက်နှာတွေ စိတ်ပျက်စရာကောင်းအောင် အပြုံလိုက်
တက်လာတတ်ပါတယ်။ ကြောငြာလင့်တွေကြောင့် လိုင်းလည်းနှေးသလိုဖြစ်ပြီး ဂျန့် တွေပါဖြစ်
တတ်ပါတယ်။ ကြောငြာလင့်တွေကို မမြင်ရအောင်ပိတ်ထားပြီး စိတ်ချမ်းချမ်းသာသာ
အသုံးပြုနိုင်အောင်လုပ်ရအောင်ဗျာ ....

အဲဒါကို Add on ကနေပြီး Adblock plus လေးသုံးပြီးပိတ်ထားရအောင်ဗျာ။
အောက်မှာလည်း ပုံနှင့်တကွရှင်းပြထားပါတယ်။



အောက်ကပုံထဲကလို ကြော်ငြာလင့်တွေ ပြည့်ကျပ်နေတာပါပဲ။ တစ်နေရာရာနိုပ်မိတာနဲ့ တင်
နောက်စာမျက်နှာ ကြောငြာလင့်တက်လာပါပြီ။


Skip ထဲဝင်လည်း ဒီလိုမျိုး ကြော်ငြာလင့်တွေရှုပ်နေပါတယ်။




အောက်မှာ ရှင်းပြပေးထားပါတယ်။ လွယ်ကူပါတယ်ခင်ဗျာ :)


1/ Firefox ဘောက်ဇာရဲ့ အပေါ် Menu bar ထဲမှာ tools ထဲမှာ Add ons ထဲဝင်လိုက်ပါ။



2/ Adblock plus စာကို ညာဘက်အပေါ်ထောင့်က Search ထဲမှာရိုက်ထည့်လိုက်ပါ။



3/ Adblock Plus 2.6.4 ကို အနီရောင်လေးပါ။




4/
ညာဘက်က install ကိုနိုပ်ပေးပြီး ခဏစောင့်ပါ။



5/ မြှားထောက်ထားတဲ့ နေရာမှာ Adb အနီရောင်လေး စတင်အလုပ်လုပ်နေပါပြီ။
Add ons ကိုပိတ်လိုရပါပြီ။



ပထမဖွင့်ကြည့်တဲ့ ကြော်ငြာလင့်တစ်အားတက်တဲ့ ဝက်ဆိုက်ပါ။ အခုပြောင်သလင်းခါသွားပါပြီ :D



Skip လင့်ထဲမှာလည်း ရှင်းနေတာပဲနော် :D



Adb လေးနိုပ်ပြီး ဖွင့် ပိတ် အသုံးပြုနိုင်ပါတယ်။ ( အနီရောင်လေးဖြစ်နေ အသုံးပြုထားတာပါ၊ 
အရောင်မှိန်နေရင် ပိတ်ထားတာဖြစ်ပါတယ် )




အဆင်ပြေပါစေဗျာ......

No comments:

Post a Comment

မန်ဘာဝင်ရန်