ဒီနေ့ ဘော်ဒါတစ်ယောက် လာမေးတဲ့ မေးခွန်းလေးပါ
ကွန်ပျူတာ Screen ပေါ်က Icon Short Cut ပုံစံတွေကို ဖျောက်ထားချင်လို့
လုပ်မရဘူးလား? ဆိုတာလေးပါ။ အရမ်းလွယ်ပါတယ်
ကျနော် ပြပေးလိုက်ပါတယ်။ သိပြီးသား ဘော်ဒါတွေကတော့ ကျော်သွား
လိုက်ကြပါခင်ဗျာ။ မသိသေးတဲ့ ဘော်ဒါတွေအတွက် သတိရတုန်း
အားလုံးအတွက် တစ်ဆင့်ပြန်လည်မျှဝေလိုက်ပါတယ်။
အဲဒီလိုလုပ်လိုက်ရင်ကော ဘာဖြစ်လာနိုင်သလဲဆိုတော့ ဘာမှမဖြစ်ပါဘူး
တစ်ယောက်နဲတစ်ယောက်က အကြိုက်ချင်းလည်းမတူတော့
မြင်ကွင်းလည်း ပြောင်းလဲအသုံးပြုနိုင်တာကတော့ သဘာဝကျပါတယ်။
မိမိကွန်ပျူတာ Screen ပေါ်က Icon Short Cut ပုံစံလေးတွေကို
မမြင်ချင်ဘူး ဖျောက်ထားချင်တယ်ဆိုရင်တော့ ကျနော် ပုံလေးတွေနဲ့တကွ
ရှင်းပြထားပါတယ် စိတ်ဝင်စားရင် လုပ်ကြည့်လိုက်ပါ။
၁။ Windows + R ကိုတွဲနှိပ်ပါ။ Run Box ကျလာပါလိမ့်မယ်။
အဲဒီ Run Box ထဲမှာ Regedit လို့ ရိုက်ထည့်ပေးပါ။
၂။ ပွင့်လာတဲ့ ပရိုဂရမ်ထဲမှာ HKEY CLASSES ROOT ဆိုတာကို နှိပ်ပါ။
၃။ Inkfile ဆိုတာကို နှိပ်ပါ အနီရောင်နဲ့ ၀ိုင်းပြထားပါတယ်။
၎။ Inkfile ဆိုတာကိုနှိပ်ပြီးလို့ ပွင့်လာတဲ့ ပရိုဂရမ်ထဲက IsShortcut ဆိုတာကို
တစ်ချက်ထောက်လိုက်ပါ။
၅။ Delete ဆိုတာကို နှိပ်လိုက်ပါ။
၆။ Yes ကိုနှိပ်ပြီးဖျက်ပေးလိုက်ပါ။
ပြီးတော့ ကွန်ပျူတာကို Restart ချပေးလိုက်ပါ
၇။ Restart ချပြီးလို့ ပြန်တက်လာတဲ့အခါ ကွန်ပျူတာရဲ့
Screen ပေါ်ကပြန်ကြည့်လိုက်ပါ Icon Short Cut တွေတစ်ခုမှမရှိတော့ပဲ
အရမ်းလန်းနေမှာကို မြင်တွေ့ရမှာဖြစ်ပါတယ်။
ခင်မင်လေးစားလျှက်
အဆင်ပြေပါစေ
ဇူးနစ်(နည်းပညာ)
No comments:
Post a Comment