အသုံးပြုပုံ
ပထမဦးဆုံးအနေနဲ့ Copy Trnas Manager Software ကို Download လုပ်ပြီး မိမိကွန်ပျူတာအတွင်းသို့ install လုပ်လိုက်ပါ။ Download Link >>> http://goo.gl/7GPRmU

ဒုတိယအဆင့်အနေနဲ့ မိမိရဲ့ iDevice ကို ကွန်ပျူတာနဲ့ ချိတ်ဆက်ပြီး Copy Trans Manager Software ကို ဖွင့်လိုက်ပါ။ မိမိ Device Name ကို copy trans manager အတွင်းမှာမြင်ရပြီဆိုရင် အပေါ်ညာဘက်ထောင့်နားမှာရှိနေတဲ့ Add Button လေးကိုနှိပ်လိုက်ပြီး သီချင်းရှိတဲ့ လမ်းကြောင်းကို ရွေးပေးလိုက်ပါ။

ပြီးရင် Add Button ကိုပဲ ထပ်နှိပ်ပြီးရင် Copy trans Manager ရဲ့ ဘယ်ဘက်အပေါ်ထောင့်မှာရှိတဲ့ update ဆိုတဲ့ Button ကို နှိပ်လိုက်ပါ။ ဒါဆိုရင် မိမိရွေးထားတဲ့ သီချင်းတွေ ၊ ဗီဒီယိုတွေအကုန်လုံး မိမိချိတ်ဆက်ထားတဲ့ iPhone ထဲကို ရောက်သွားမှာဖြစ်ပါတယ်။

ဒါကြောင့် မိမိသွင်းချင်တဲ့ သီချင်းတွေကို အခြားကွန်ပျူတာထဲကနေပဲဖြစ်ဖြစ် မိမိကွန်ပျူတာထဲကနေပဲဖြစ်ဖြစ် iPhone , iPad , iPod ထဲသွင်းချင်တယ်ဆိုရင် ဘာ Sync မှလုပ်စရာမလို ၊ ဘာ Data မှဖျက်စရာမလိုတော့ပဲ သီချင်းတွေ ၊ ဗီဒီယိုတွေကို သွင်းနိုင်မှာဖြစ်ပါတယ်။ ဒ့ါအပြင်မိမိ iDevice ထဲက သီချင်းနာမည်နဲ့ သီချင်းရဲ့ ဖော်ပြချက်အသေးစိတ်ကိုလည်း မိမိကြိုက်နှစ်သက်သလို ပြင်နိုင်ပါသေးတယ်။
Ref : Copy Trans Manager
credit:myanmar mobile app store
No comments:
Post a Comment